ဒီ Firmware ကို Samung B309, Skhynix နဲ့ Hol-U10 မှာ သုံးထားတဲ့
Original EMMC တွေပေါ်မှာပါ ရေးလို့ရတဲ့အတွက်EMMC လဲပြီး ရေးချင်လည်း
ရတယ် EMMC မလဲရသေးတဲ့ Hol-U10 deadboot, Virus ကိုက်နေတာ LCD Error
တက်နေတာ၊ Imei nullနေတာ၊ Encryption Unsuccessul ဖြစ်နေတာတွေကို
(EMMC Readonlyမဖြစ်သေးရင်) ဖြေရှင်းနိုင်ပါတယ်။
Firmware ကို အောက်မှာ ဒေါင်းပါခင်ဗျာ။
Download Link
👇👇👇👇👇👇👇
*******************************************
ဗဟုသုတ အနေနဲ့ MTK ဖုန်းနဲ့ SP Flashtool အကြောင်းထည့်ရေးပေးပါမယ်
MTK ဖုန်းတွေရဲ့ Firmware Preloader အတွင်းမှာ Preloader က ခွင့်ပြုပေးမယ့်
EMMC CID နံပါတ်တွေပါဝင်ပါတယ် ကွန်ပျူတာပေါ်ကနေ SP Flashtool နဲ့ရေးတဲ့
အခါ SP Flashtool 4032 error တက်တာဟာ EMMC ပျက်နေရင် ပြတယ်၊
Firmware က လက်ခံတဲ့ EMMC CID မကိုက်ရင် ပြမယ် ဥပမာ Firmware က
SKHynix နဲ့ Sandisk ကိုပဲ Support ပေးတဲ့ဖုန်းမှာ ကျနော်တို့က Samsung B309
EMMC ကိုကပ်ရေးရင်SP Flastool မှာ 4032 error ပြပါလိမ့်မယ်၊ ဒါက EMCC ပျက်တာ
မဟုတ်ပါဘူး ၊ CID Support မလုပ်တဲ့အတွက် တက်တဲ့ Error ပါ၊ ဒီနေရာမှာ
Emmc ပျက်နေရင်သော်လည်းကောင်း ၊ EMMC ပြန်ကပ်ထားတာ ငုတ်လေးတွေ
မမိရင်သော်လည်းကောင်း 4032 error တက်တတ်ပါသေးတယ် SP Flashtool မှာ
Firmware စရေးပြီး အနီတန်းပြေးသွားမယ် ချက်ချင်း 4032 error တက်ရင်
CID မကိုက်တာပါ ။ အနီတန်းပြေးပြီး ချက်ချင်း Error မပြပဲ အချိန်အနည်းငယ်ကြာမှ
4032 error ပြတာဟာ EMMC ပျက်နေလျင်သော်လည်းကောင်း ၊ EMMC အခြေငုတ်တွေ
မမိရင်သော်လည်းကောင်း ၊ CPU နှင့် EMMC ကြားထဲရှိလမ်းကြောင်းများ ပြတ်တောက်
နေလျှင်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။Credit: by KaungMyat Linn
ပြန်လည်မျှဝေပေးပါသည်။
အားလုံး အဆင်ပြေကြပါစေဗျာ
Ko Zaw (www.kozawmobil.ml)
No comments:
Post a Comment